Children’s Church Online (July 05, 2020)
ဆရာ/ဆရာမများ
Rev Nant Aye Aye
ဆရာမနန့်အေးအေး(ဆရာမဘေေဘီတိုး)ဟာ ဘုရားကိုချစ်ပြီး အသင်းတော်ရဲ့ ကလေးသာသနာကို အင်တိုက်အားတိုက်ပါဝင်နေသူဖြစ်ပါတယ်။ ဆရာမကြီးဟာ မြစ်ကြီးနားဧဝံဂေလိကျမ်းစာကျောင်းကိုတက်ရောက်ခဲ့သူဖြစ်သည့်အပြင် ကလေးငယ်များကို ခေတ်နဲ့အညီ ချီးမွမ်းခြင်းဆိုင်ရာ၊ ရွှေကျမ်းချက်၊ ချီးမွမ်းကခုန်ခြင်း၊ အကဖြင့်သရုပ်ဖော်ခြင်း စသည့်ပုံစံမျိုးစုံဖြင့် ကလေးများဆွဲဆောင်နိုင်အောင်အမျိုးမျိုးကြိုးပန်းကာ လမ်းမှန်ပို့ဆောင်ပေးနေသူဖြစ်ပါတယ်။
Rev Do Khan Huai
သိက္ခာတော်ရဆရာမ ဒိုခန့်ဟွဲကို ဆရာမသော့သော့ လို့လဲခေါ်ကြပါတယ်။ ဆရာမဟာအသင်းတော်နှင့်နှစ်ပေါင်းများစွာ လက်တွဲလာသူဖြစ်ပါတယ်။ အသင်းတော်ရဲ့ Sunday School မှကြီးပြင်းလာသူဖြစ်ပြီး၊ လူငယ်မှာလဲ တက်ကြွစွာပါဝင်ခဲ့သူဖြစ်ကာ ကလေးသာသနာတော်မြတ်တွင် အတွင်းရေးမှူးအဖြစ် ပါဝင်ဆက်ကပ်နေသူဖြစ်သည်။
Rev Huai San Nuam
ဆရာမဟွဲဆန်းနွမ်းကို ဆရာမ မီးမီး(လေး)လို့ပဲလူသိများတယ်။ သူက FGA Church School ကနေကြီးပြင်းလာသူဖြစ်ပြီး အသင်းတော်ရဲ့ ဧဝံဂေလိဆိုင်ရာလုပ်ငန်းများနှင့်ကလေးသာသနာလုပ်ငန်းများကို တက်ကြွစွာ ပါဝင်ပေးဆပ်နေသူဖြစ်ပါတယ်။
-
1 videos 
ချီးမွမ်းကခုန်
-
3 videos 3 audios
ရွှေကျမ်းချက်
-
3 videos 3 audios
ကလေးသီချင်း